သြဂုတ်လ ၂ရက်။ စောခါးစူး (ကေအိုင်စီ)
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO ၏ တောင်းဆိုမှုကို အစိုးရဘက်မှ လိုက်လျောမည်မဟုတ်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံ သာက ပြောကြားလိုက်သည်။
“အစိုးရက ကချင်အဖွဲ့ကိုပဲ ဒီလိုတွေ့တာ နည်းပရိယာယ်တမျိုးပဲ။ တကယ်လို့ ကချင်နဲ့သာ အပစ်အခတ်ရပ်ရေး သဘောတူညီမှု ရရင် ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်မယ့် သဘောပဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၁ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာ၌ KIO နှင့် မြန်မာအစိုးရ ကိုယ်စား လှယ် ပြည်နယ်အာဏာပိုင်များ ထပ်မံ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် ရလာဒ် တစုံတရာ ပေါ်ထွက်မလာခဲ့ပေ။
လက်ရှိ မြန်မာအစိုးရ၏ အနေအထားမှာ ပြည်နယ်အစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုးနှင့် ဗဟိုအစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုး ဖြစ် နေသည့်အတွက် အစိုးရနှင့် ကေအိုင်အိုကြား ဆွေးနွေးမှုသည် ယခုကဲ့သို့ အကျိုးသက်ရောက်မှု နည်းသွားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ထောက်ပြသည်။
ဆွေးနွေးပွဲတွင် KIO ဘက်မှ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့်အဖွဲ့၊ မြန် မာအစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်သည့်အဖွဲ့နှင့် ကချင်အ တိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးဆင်ဝါးနောင်တို့ ပါဝင်သည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ခုနှစ်မှ စ၍ စစ်အစိုးရနှင့် ၁၇နှစ်ကြာ ငြိမ်းချမ်းရေးသဘောတူညီချက်ရပြီး နောက် ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးသူ ဒုက္ခသည်ပေါင်း နှစ်သောင်းခန့်ရှိကြောင်း ကချင်စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
KIO သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလလယ်က ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၂) ဖွဲ့ပါဝင်သည့် UNFC တွင် ပါဝင်ပြီး အဆိုပါအဖွဲ့ကို မေလအတွင်း၌ အဖွဲ့(၆)ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာတွင်လည်း အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
UNFC ၏ နိုင်ငံရေး ဦးတည်ချက်မှာ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး ၎င်းတို့ အဖွဲ့ဝင် မည်သည့်အဖွဲ့ကို မဆို မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ကျန်အဖွဲ့များက ပူးပေါင်းလက်တွဲ ပါဝင် တိုက်ခိုက်သွားရန် မူဝါဒ ချမှတ်ထားသည်။
လက်ရှိ UNFC အဖွဲ့တွင် KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်း ပြည်တပ်မတော်-SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ ပါဝင်သည်။
အဖွဲ့တွင် မပါဝင်တော့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF ၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ-LDU ၊ ညီညွှတ် သော ရခိုင်အမျိုးသားပါတီ-NUPA ၊ “၀” အမျိုးသားအဖွဲ့ချုပ်-WNO ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PNLO ၊ ကချင်အ မျိုးသားအဖွဲ့-KNO အဖွဲ့(၆)ဖွဲ့တို့လည်း ဆက်စပ်အဖွဲ့များအဖြစ် ဆက်လက်တည်ရှိသည်။
Wednesday, August 3, 2011
တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး မျှော်လင့်ချက်နည်းဟု UNFC ပြော
Labels: news
Wednesday, September 1, 2010
လွမ်းတယ်........
ဖုန်းလေး ခေါ်တိုင်း ..
မင်္ဂလာပါ ဆိုပြီ ဖုန်းပြောတတ်တဲ့ မင်းကိုလွမ်းတယ်။
ဖုန်းပြောတိုင်း အမြဲတမ်း ဟာသလေးတွေ ပြောပြီး ရယ်တတ်တဲ့မင်းရဲ့ စကားသံချိုချို လေးကိုလည်း
လွမ်းတယ်။
ကလေးကေးတစ်ယောက်လို စိတ်ကောက်ပြီ ပြောတတ်တဲ့ မင်းရဲ့စကားသံလေးကိုလည်း လွမ်းတယ်။
လူကြီးလေးတစ်ယောက်လို စိုးရိမ်တကြီးနဲ့ပူပန်းပြီး ပြောတတ်တဲံမင်းရဲ့ စကားသံလေးကိုလည်း လွမ်းတယ်။
တစ်ခါတစ်ခါ ဂျစ်ကန်ကန်နိုင်ပြီး ဘုကလန့် ပြောတတ်တဲ့ မင်းရဲ့ စကားသံလေးကိုလည်းလွမ်းတယ်။
ဖုန်းလေးပိတ်တိုင်း.." i love you" ဆိုပြီး ဖုန်းလေးပိတ်တတ်တဲ့မင်းလေးကိုလည်း လွမ်းတယ်။
သြာ်... နောက်ဆုံးတော့ ငါပိုင်ဆိုင်လိုက်ရတာက အလွမ်းတွေပါပဲလား...။
Monday, August 30, 2010
အခြားသတင်းဌာနများ
Sunday, August 29, 2010
Friday, March 12, 2010
ရင်ထဲကကဗျာ
အတိတ်
တိမ်ဦးလေပြေ၊ မောင့်ကိုစေ
နွေးဦးရဲ့ ၊ လေရှုးအောက်မှာ
မှိန်တော့မယောင်
ငြိမ်းတော့မယောင်
တောက်လောင်နေတဲ့
မီးညွန့်လေးကို၊ကြည့်ကောင်းကောင်းနဲ့
ကြည့်နေမိတာ ရင်ထဲကို အတွေ တစ်ခု ၀င်လာတဲ့
အထိပါပဲ။
တောင်တန်းပြာပြာ ရင်ထဲမှာ
အမြဲအေးချမ်းလှပေတာ
သို့ ပေမဲ့ လည်းအခုတော့ယမ်းငွေ့ 
မှိုင်းတွေလှိုင်းပေါ့
လျှို မြှောင်တောင်ကြားတိုတောသား
ဘာမသိညာမသိပြေးနေရ
ုထိုနည်းတူစွာကလေးတွေမှာ
မိဘပျောက်လို့ ငိုနေရှာ
အော်သံခေါ်သံဆူဆူညံ
သေနတ်ကြားမှာအသံ
ငတ်တစ်လှည့်  ပျက်တစ်လှည့် 
တို့ ပြည်သူ အခြားတိုင်းပြည်နှင့် မတူ
ထိုသို့ ကြောင့် တာလူအများနှိင်ငံခြားကိုသွား
ထို သို့ ကြောင့် တာလူအများ ဒုက္ခသည်တွေပိုလို့ များ
မှာလိုက်ပါရစေ
ကဲသူငယ်ချင်းတို့ရေး
ကိုလူမျိုးကိုချစ်ပါ
ကိုတိုင်းပြည်ကိုချစ်ပါ
မျိုးချစ်စိတ်မွေးပါ
မေဖေ
အို.........မေဖေလွမ်းရလွန်လို့ 
မျက်ရေတွေတောင်ကုန်တော့မယ်
အို.........ဖေဖေရှာဖွေကျွေးမွေးခဲ့ တာကိုမမေ့ နှိင်ပါဘူး
ဒီလောက်ဝေးနေရလည်းမိဘရဲ့ မျက်ကိုမြင်ယောင်နေတယ်
ကျေးဇူးရှင်မိဘနှစ်ပါးကြားနှိင်ပါ့မလား
ခေါ်သံအော်သံတွေနဲ့ ဆုံလင်နေတဲ့ (၈၈)
သွေးမြေတွေလည်စွန်းထေးခဲပါပြီးမေးဖေ
ဒီဘ၀ဒီလောကမှာသမီးတို့ ရဲ့ ညီအကိုတွေဘယ်လောက်များ
ပင်ပန်းနေရှာပြီးလဲ
မမေ့ နှိင်လောက်တဲ့ (၈၈)
ရင်နှင်အမျှခံစားရပါရဲ့ 
ပျောက်ဆုံးလို့ ခံစားနေရတဲ့ မိဘတွေလည်းမနည်းပါလာမေမေ
ဒီအရေးကိုသိနေလျှက်နဲ့ မမြင်ချင်ယောင်ဆောင်နေတဲ့ လူတွေလည်း
တစ်ပုံကြီးပါလား
အဲဒီထဲမှအစိုးဝါးဆုံးကတော့တစ်တပါးကျွန်ကိုမခံစားရပါဘဲ
ကို့ လူမျိုးအချင်းချင်းရဲ့ ကျွန်ကိုခံစားနေရတာအင်မတန်မှခံပြင်းလှပ်ပြီးမေမေ
ရှေ့ ခေတ်သမိုင်းအဆက်ဆက်ကလွတ်လပ်ရေးရအောင်လုပ်သွားပေး
တဲ့ တို့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုမှအားမနာ
လုပ်ချင်းရာလုပ်ကိုကြိုးကိုဘဲကြ ည့် နေတဲ့ အယ္ခုလက်ရှိ.......................
Thursday, March 11, 2010
နွေဦးကဗျာ
လေရှုးအစ ၊ နွေဦးက
ရွက်ဟောင်းကြွေးလို့
တစ်ဖျတ်ဖျတ်ဝဲနေတဲ့
နွေဦးအလှ
ရှေ့ဦးစွာ၊ ပြောလိုက်ချင်တာက
နွေဦးမှာ၊ အတွေးထူးရအောင်
ပေဖူးလွှာနဲ့၊G .T ကနေပြောလိုက်ချင်ပါရဲ့
နှစ်ဟောင်းကုန်လို့၊ နှစ်သစ်ကူးတော့မယ်
အမေမပြော၊ အမောမပြောနိုင်တဲ့
ရှေ့ဦးစွာ၊ဆီးကြိုလိုက်တာက
၂၀၁၀
ရင်ထဲမှာ၊ခံစားနေရတဲ့
နွေးဦးအလှလေးက
အမြင်ထူးရအောင်
မျက်လှည့်ပြလိုက်တာလာ။
Monday, September 14, 2009
ထာဝရ
ငြိမ်းချမ်း မှူတွေမက်မော
လွတ်မြောက်ရေးအတွက်
ကြိုးစားနေချိန်..........
ကြမ္မာ ရိုင်းက
ဝင်နှောက်ခဲ့ပေါ့....
ငါသွေး ငါသား
ငါရည်မှန်းချက်
ဘ၀တခုလုံး အတွက်
အရှံး မပေး.........
ဒေသ နေရာ ကွဲ
ရောက်သော်လည်းဘဲ
ငါ၏ ပန်းတိုင် နေ့ စဉ်
တမ်းတ ထွေးပိုက်
ထာဝရ ရှိနေပါတယ် .....
ဝင့်ဝါ (၁၄.၉.၀၉)